ချုံချင့်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်ပြည်နယ်တွင် ခရီးသွားများကိုဆွဲဆောင်နိုင်သည့် နေရာများထဲမှ တစ်ခုမှာ တိုက်ခန်းများအတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့် မီးရထားလမ်းလည်းအပါအဝင်ဖြစ်သည်။ ထို ရထားလမ်းကို ၂၀၀၆ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဒေသများစွာ၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးဝန်ထမ်းများမှာ ၈ နာရီခန့် ကယ်ဆယ်ရေးလုပ်ငန်းများကို မနားတမ်းလုပ်ဆောင်ခဲ့ကြရသည်။ သူရဲကောင်းများဟုပင် သတ်မှတ် ခေါ်ဆိုထိုက်သည့် ကယ်ဆယ်ရေးဝန်ထမ်းများ ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ခက်ခဲပင်ပန်းသည့် လုပ်ဆောင်မှုများနှင့် အတူ ၎င်းတို့၏ မောမောပန်းပန်း ထမင်းလက်စုံ မြင်ကွင်းများကို...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံအရ သဘာဝဒီရေတောများသည် ဟက်တာ၂၀,၀၀၀၊ ဧကအားဖြင့် ၄၀,၀၀၀ ကျော်ပေါက်ရောက်လျက်ရှိကြောင်း၊ ၎င်းဒီရေတောများအား ဆက်လက်ထိန်းသိမ်း၍ နောင် နှစ်အနည်းငယ်အတွင်း ဒီရေတော သဘာဝတံတိုင်းတစ်ခုဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ...
ကျန်းကျားကျဲ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ကျန်းကျားကျဲမြို့တွင် တည်ရှိသော UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာရှိ တောင်များပေါ်တွင် တိမ်များ ရေတံခွန်များသဖွယ် စီးဆင်းနေသည့်မြင်ကွင်းကို မှတ်တမ်းတင်ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ အဆိုပါ တိမ်များသည် နေထွက်လာသည့်အခါ ရွှေရောင်များအဖြစ် အရောင်ပြောင်းလဲသွားသည်ကို တွေ့ရပြီး “Avatar”ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းများအား...
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အငြင်းပွားမှု အပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ လာဘ်ငွေပေးသူနှင့် လာဘ်ငွေယူသူ ၄ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။