ဟူပေ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၊ ရန်းရှင်းကောင်တီရှိ ရေကန်တာတမံကျိုးပေါက်မှုကို ပြုပြင်နိုင်ရန်အတွက် ရဟတ်ယာဉ်သုံးစီးဖြင့် ကျောက်တုံးများအား ဝေဟင်မှသယ်ဆောင်ကာ ရေစီးထွက်မှုကို ပိတ်ဆို့ခဲ့သည်။ မိုးသည်းထန်စွာရက်ဆက် ရွာသွန်းမှုကြောင့် ဖူဟီမြစ်၏ အဓိကမြစ်ကြောင်းတစ်လျှောက်ရှိ ရန်းရှင်းကောင်တီ၏ Kuisai ရေကန် တာတမံကျိုးပေါက်ကာ လယ်ယာမြေဟက်တာ ၄၀၀ ကျော်...
တရုတ်နိုင်ငံ၏ BeiDou ဂြိုဟ်တု လမ်းကြောင်းပြစနစ်မှာ အလုံးစုံ လည်ပတ်လျက်ရှိပြီဖြစ်သည်။ BeiDou စနစ်က ပုံမှန် ဆက်သွယ်ရေးကွန်ရက်များနှင့်ဆက်သွယ်နိုင်ခြင်းမရှိသည့် သဲကန္တာရတွင် မည်သို့ အသုံးဝင်သည်ကို ကာတွန်းဇာတ်ကောင် တစ်ခုဖြစ်သည့် Buzz က ယခုကဲ့သို့ရှင်းပြခဲ့ပါသည်။ (Xinhua)
ဂျကာတာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဇူလိုင် ၁၈ ရက်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး လူ ၆၇ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အခြားသူ ၁၄,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းနေထိုင်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစက်ရုပ်များ၊ စမတ်ခေါင်းဆောင်းများက ရေဘေးကယ်ဆယ်ရေး၌ အကူအညီဖြစ်စေခဲ့သည်။ ကယ်ဆယ်ရေးသမားများက မြစ်ကိုမဖြတ်ကူးနိုင်သည့်အချိန်၌ စက်ရုပ်များက ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ပေးခဲ့သည်။ ညဘက်မြင်ကွင်းများ မြင်တွေ့နိုင်စေရန် အနီအောက်ရောင်ခြည်တပ်ဆင်ထားသည့် ရေစိုခံခေါင်းဆောင်းများကလည်း သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်သည်။ မြင့်မားသည့်...
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာအဖွဲ့က ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးဆောင်ရွက်မှုများကို ထောက်ပံ့ကူညီရန် စီးပွားရေးဘဏ်တစ်ခုအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။