ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါ မြို့နယ်တို့ အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း အလွန်ရှားပါးသော ငှက်မျိုးစိတ်တစ်မျိုးများ တွေ့ရှိကြောင်း သစ်တော ဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မှ ထိုးစစ်ဆင်လျက်ရှိသော အက်ဖရင်းဒေသသို့ ဆီးရီးယားစစ်တပ် ဝင်ရောက်ခွင့် နှင့် ပတ်သက်သော သဘောတူညီချက် တစ်ခုကို ဆီးရီးယားစစ်တပ် နှင့် ကာ့ဒ်တပ်ဖွဲ့တို့ ပြုလုပ်ခဲ့ကြောင်း သတင်းတစ်ခုက ဖေဖော်ဝါရီ ၁၈ရက်တွင်ဖော်ပြခဲ့သည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဖော်ပြချက်အရ နိုင်ငံ အနောက်မြောက်ပိုင်း Rajasthan ပြည်နယ် Ajmer ဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာ ပွဲ တစ်ခု တွင် ဂတ်စ်အိုး...
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ မြောက်ပိုင်း လန်ကာဝီကျွန်းပေါ်၌ ပြေးဆွဲနေသော ကောင်းကင်ကေဘယ်လ်ကားများ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၈ဝ ကျော်သည် ကားထဲ၌ ၄ နာရီနီးပါး ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
တီဟီရန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Dena တောင်တန်းပေါ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ ၊ လေယာဉ်ပေါ်လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံးသွားကြောင်း အီရန်နိုင်ငံမြို့ပြလေကြောင်းပို့ဆောင်ရေးဌာနအကြီးအကဲ Abed Zadeh ကအတည်ပြုပြောကြားခဲ့သည်။