Connect with us

Videos

အာရှတိုက်တွင် အမြင့်ဆုံးဟု ယူဆ နိုင်သည့် ၁၆၂ မီတာ အမြင့်ရှိ လေဒလက်ကြီး တပ်ဆင် 

 

ချင်ဝှမ်တောင်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ချင်ဝှမ်တောင် မြို့တွင် အလေးချိန် တန် ၈၀၀ ရှိသည့် ဧရာမ ဝန်ချီစက်ကြီးများကို အသုံးပြု၍ လေဒလက်များအား  တပ်ဆင်လျှက်ရှိသည်။ လျှပ်စစ်ဓါတ်အားပေးစက်ရုံအဖြစ် တည်ဆောက်ထားရှိမည့် အဆိုပါ လေဒလက်ကြီးသည် ၁၆၂ မီတာအမြင့်ရှိပြီး ၅၄ ထပ်တိုက် အဆောက်အဦနှင့် အမြင့် တူညီသည်။ ထို လေဒလက်ကြီးများသည် အာရှတိုက်တွင် အမြင့်ဆုံး ဟု ယူဆရနိုင်ဖွယ်ရှိသည်။ လေဒလက်ကြီးများတပ်ဆင်ရန် အသုံးပြုသည့် ကရိန်း ဝန်ချီစက်ကြီးများကို တရုတ်နိုင်ငံရှိ ထိပ်တန်း စက်ယန္တရားကြီးများထုတ်လုပ်သည့်  Sany Heavy Industry Co မှ ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.