ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ လက်ရှိချိန်ထိ ပြန်လည်ဝင်ရောက်မှုမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီးအား ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့ပါးစေရေးအတွက် ကတ္တရာလမ်းခင်းသွားရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ရုရှားလေယာဉ်ပျက်ကျမှု အပါအဝင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် မြောက်ကိုရီးယားနိုင်ငံ အရေးတို့ နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၂ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အဌားယာဉ်များကို City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁၀၀၀၀ခန့် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။