ဆစ်ဒနီ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၂၀ ခုနှစ်မတိုင်မီ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် ၁၁၀၀၀ ဦးအား ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော ကင်မရာများ တပ်ဆင်ထားနိုင်မည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆိုင်ရာ ပြည်နယ်ဝန်ကြီးက သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ပြည်တွင်းဈေးကွက်အတွင်းရှိ ဆေးဝါးများ ကိုစိစစ်ခဲ့ရာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါး (၈)မျိုးကို စိစစ်တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်တွင်း ရေကြီးမှုဖြစ်ပေါ်ပြီး ကားလမ်းများရေကျော်ခြင်း၊ နေအိမ်များရေကြီးမှုများဖြစ်ပေါ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မေးလ်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံရှိ ပင်လယ်ဖြတ်ကာတည်ဆောက်ထားသော တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား ယာဉ်သွားလာရန်အတွက် သြဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။