Connect with us

NPC

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံ၏ ဘုံရန်သူသည် ကပ်ရောဂါ ဖြစ်ပြီး အပြန်အလှန် အားပေး ဖေးမကူညီခြင်းကသာ နှစ်နိုင်ငံပြည်သူများ၏တူညီသည့်ဆန္ဒဖြစ်ကြောင်း ဝမ်ရိပြောကြား 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား မေ ၂၄ ရက် two session သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၄ ရက်(ဆင်ဟွာ)

COVID-19ကပ်ရောဂါသည်သာ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံ၏ ဘုံရန်သူဖြစ်ပြီး အပြန်အလှန် အားပေးဖေးမကူညီခြင်းကသာ နှစ်နိုင်ငံပြည်သူများ၏တူညီသည့် စိတ်ဆန္ဒဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၄ ရက် two session သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် လက်ရှိလုပ်ဆောင်ရန် အလိုအပ်ဆုံးမှာ ပထမဆုံးအနေဖြင့် မိမိနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အကျိုးဖြစ်ထွန်းအောင် အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ဆွေးနွေးလေ့လာရန်၊ ဒုတိယအနေဖြင့် ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးတွင် အပြုသဘောဆောင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်အတိုင်း အတူပါဝင်ကာ ကပ်ရောဂါတိုက်ဖျက်ရေး ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ၊ တတိယအနေဖြင့် ကပ်ရောဂါဖြစ်ပွားမှုသည် ကာလကြာရှည်မည့်အသွင်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးသည် ပုံမှန်ဆောင်ရွက်ရမည့်အသွင် ရှိနေသည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးနှင့်ကမ္ဘာ့စီးပွားရေးအား ရိုက်ခတ်မှုကို လျှော့နည်းစေရန် မည်သို့ဆောင်ရွက်ရမည်ကို မက်ခရိုမူဝါဒဆွေးနွေးညှိနှိုင်းမှုများ စောလျဉ်းစွာ လုပ်ဆောင်ရန် ဖြစ်ကြောင်း ဝမ်ရိက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)