ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများသည် ရွှံ့ညွန်များအတွင်း ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ သေဆုံးသူ ၁၄ဦးအထိ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၁ရက်က ပြင်းအား ၆.၃ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်သည်မြေပြင်အောက်အနက် ၇.၃ ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ ငလျင်သတင်းဝက်ဘ်ဆိုက်မှ သိရသည်။
ဆစ်ဒနီ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် စတော်ဘယ်ရီသီးများထဲ အပ်ထည့်မှု ဖြင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး e-စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ(Alibaba)က တစ်ရက်တာပြုလုပ်ကျင်းပသည့်လူလွတ်များနေ့ဈေးရောင်းပွဲတော်(Singles’ Day) အတွင်း အွန်လိုင်းဖလက်ဖောင်းပေါ်မှတဆင့် ကုန်ပစ္စည်းများကို တရုတ်ယွမ်ငွေ ၂၁၃.၅ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃၀.၇ ဘီလီယံ) ဖိုး စံချိန်တင်ရောင်ချခဲ့ရကြောင်း ယနေ့နိုဝင်ဘာ ၁၂ ရက်တွင်...
ပေကျင်း ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၅ ရက် မှ ၂၁ ရက်အထိ ပါပူဝါနယူးဂီနီ ၊ ဘရူနိုင်း နှင့် ဖိလစ်ပိုင်နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် မှ ၁၈ ရက်အထိ ပါပူဝါနယူးဂီနိုင်ငံ ပို့မိုရက်စ်ဘီမြို့( Port...