Connect with us

Social

ဆင်စခန်းများ COVID-19 ရောဂါကြောင့် ခေတ္တပိတ်ထားရသော်လည်း အလှူရှင်များ ဆင်များကိုကျွေးမွေးလိုပါက လှူဒါန်းနိုင်ကြောင်းဆို

ဆင်စခန်းတစ်ခုတွင် ဆင်များအားအစာကျွေးမွေးနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် ဆင်စခန်းများ တွင် အလှူရှင်များလှူဒါန်းလိုပါက ဆင်စခန်းပိတ်ထားသော်လည်းလှူဒါန်းနိုင်ကြောင်း၊ သယံဇာတ နှင့် သဘဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော်က ဆင်ဟွာကို မေ ၂၃ ရက်တွင်ပြောသည်။

ဦးကျော်ဇော်က “တစ်နိုင်ငံလုံးမှာ ဆို ဆင်စခန်းပေါင်း ၂၀ လောက်ရှိပါတယ်။ သက်ဆိုင်ရာ ဆင်စခန်း တွေမှာ ကျွေးမွေးလို့ရတယ်။ ဆင်စခန်းတွေကလက်ရှိမှာ COVID-19 ရောဂါကြောင့်  ပိတ်ထားရပါတယ်။ သက်ဆိုင်ရာကျွေးမွေးလိုတဲ့ သူတွေ ကို လာရောက်ကျွေးမွေး နိုင်ဖို့ သက်ဆိုင်ရာ ဆင်စခန်းတွေ က ဖိတ်ခေါ်ထားပါတယ်။ ပုံမှန်ကျွေးမွေးတဲ့ အစားအစာတွေ ကိုကျွေးမွေးနေပါတယ်’’ ဟုပြောသည်။

ချောင်းသာဆင်စခန်း နှင့် အပန်းဖြေစခန်းမှတာဝန်ရှိသူက “သဘာဝအတိုင်းတောထဲကျောင်းရင်း အစာကျွေးတာမျိုးရှိတယ်။ ဖြည့်စွက်စာ က ဖွဲ နဲ့ ဆန်ကွဲကျွေးတယ်။ စပါးလည်း ကျွေးတယ်။ အဲ့ဒါတွေ က ပုံမှန်ကျွေးတာပေါ့။ ဧည့်သည်တွေ လှူရင်တော့ ကြံတို့၊ ပြောင်းတို့၊ ဖရဲသီးတို့စားရပါတယ်။ ဆင်စခန်းကပိတ်ထားပေမယ့် လှူချင်ရင်လာလှူလို့ ရပါတယ်။ ကျွန်တော်တို့ဆီမှာလှူရင် ၁ ရက်စာ ကို ၅၀,၀၀၀ ကျပ်ပါ။ ၀၉၇၈၇၈၁၆၉၅၉ ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်’’ ဟု ဆင်ဟွာကို မေ ၂၃ ရက်တွင် ပြောသည်။

တစ်နိုင်ငံလုံးရှိ ဆင်စခန်း ၂၀ လုံး COVID-19 ရောဂါကြောင့် ခေတ္တပိတ်ထားပြီး၊ပြန်လည်ဖွင့်လှစ်ပါက ကြော်ငြာသွားမည်ဖြစ်ကြောင်း ဦးကျော်ဇောကဆိုသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.