ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၅နာရီခွဲခန့်က ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၁၅၀၀ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယတ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံရှိ Aramco ရေနံကုမ္ပဏီ၏ လုပ်ငန်းခွင်နေရာနှစ်ခုအား စက်တင်ဘာလ ၁၄ ရက် အစောပိုင်းက ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
ဆာရာယေဗို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘော့စ်နီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ (BiH’s) မြို့တော် ဆာရာယေဗို၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ၊ ဘီဂျေလက်စ်နီကာတောင်အနီးတွင် ဒုတိယကမ္ဘာစစ်ကျန်ဗုံး ၄ လုံးအား BiH’s ပြည်ထောင်စု အရပ်သား ကာကွယ်ရေးဌာန (FUCZ) က စက်တင်ဘာလ ၁၃ ရက်၌...