အဘီဒီဂျန်(Abidjan) ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နိုင်ဂျာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အဖွဲ့ရုံး က ဇူလိုင်လ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နိုင်ဂျာ နိုင်ငံ တွင် ပြီးခဲ့သည့် ဇွန်လ မှ စတင်၍...
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနှစ်ခုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၅၈ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနထံမှ သိရသည်။
ဂျေရုဆလင်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံသည် စစ်ပွဲဒဏ်ခံနေရသော ဆီးရီးယားဘက်မှ ပြည်သူများအား ဆေးကုသမှုပေးရန် ဆီးရီးယားနိုင်ငံ နှင့် နယ်စပ်မျဉ်းတစ်လျှောက် ဂိုလန်ကုန်းမြင့်ဒေသ ၌ ဆေးရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ထားကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၁၉ ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်းရှိ တိုဟိုကူဒေသ မြောက်ပိုင်း ဖူကူရှီးမား စီရင်စု ကမ်းရိုးတန်းပြင်ပတွင် ကနဦး တိုင်းတာချက်အရ ပြင်းအားပမာဏ ၅.၆ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေကြောင်း သိရသည်။
ကင်းစတုန်း ၊ ဇူလိုင် ၂ဝ ရက်(ဆင်ဟွာ) ဂျမေကာနိုင်ငံသား ကမ္ဘာ့တာတိုပြေးချန်ပီယံ အူစိန်ဘော့သည် အားကစားလောကမှ အနားမယူမီ နောက်ဆုံးယှဉ်ပြိုင်မှုတစ်ခုအဖြစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံ ပြိုင်ပွဲ (World Athletics Championships) တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်တွင်အတည်ပြုပြောကြားလိုက်သည်။