ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်သို့ရောက်ရှိနေသော အာဖရိကနိုင်ငံသားများအတွက် COVID-19 ကာကွယ်ရေးကို တရုတ်နိုင်ငံသားများနည်းတူ တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၁၂ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။
ဟနွိုင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံတိုးခဲ့ပြီး ယခုအခါ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၂၆၂ ဦးထိ ရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၃ ရက် နံနက် တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ၊ မစ္စစ္စပီ ပြည်နယ်၌ ဧပြီ ၁၂ ရက်တွင် ပြင်းထန်သော လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တီဟီရန်၊ဧပြီ ၁၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ ရောဂါကူးစက်နိုင်မှုအန္တရာယ်နည်းပါးသော လုပ်ငန်းများအနေဖြင့် လာမည့်အပတ်တွင် ပြန်လည် စတင်လည်ပတ်မည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဧပြီ ၁၂ ရက်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားရေးဌာန အစည်းအဝေး၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီး၌ ဧပြီ ၁၂ ရက်တွင် ပြင်ပမှ ဝင်ရောက်လာသော နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုး ရှိသူ လူနာသစ် ၉၈ ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံပြင်ပမှ ဝင်ရောက်လာသော COVID-19 လူနာ...