ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ရှိ Wasserkuppe တောင်ပေါ်၌ အောက်တိုဘာ ၁၄ ရက်က လေယာဉ်ငယ်တစ်စီး ဆင်းသက်ရန်ကြိုးစားစဉ် လူအုပ်ထဲသို့ ပျက်ကျခဲ့ရာ လူ၃ဦးသေဆုံးပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။
ကဘူးလ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Farahပြည်နယ် ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များကို တာလီဘန်လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်မီဒီယာများ၏ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ...
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ဘတ်စ်ကားတစ်စီးအပါအဝင် ယာဉ်အများအပြား ဆင့်တိုက်မိ၍ အနည်းဆုံး လူ ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။