Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၃၀၀,၀၀၀ ကျော်နှင့် ရောဂါဖြစ်ပွားသူ ၄.၄ သန်းကျော်အထိ ရှိလာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အမျိုးသား ကျန်းမာရေးသုတေသနစင်တာရှိ အထူးကြပ်မတ်ဆောင်တွင် COVID-19 ရောဂါခံစားနေရသည့် လူနာတစ်ဦးကို စောင့်ရှောက်နေသည့် ကျန်းမာရေးဝန်ထမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၁၅ ရက် (ဆင်ဟွာ) 

ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် မေ ၁၄ ရက် မွန်းလွဲ ၁:၃၈ နာရီ၌ ၃၀၀,၀၇၄ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာန (CSSE)  အရ သိရသည်။

ထို့ပြင် ကမ္ဘာအနှံ့ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄,၄၀၅,၆၈၈  ဦးအထိ မြင့်တက်လာခဲ့ကြောင်း CSSE က ဖော်ပြထားသည်။

၎င်းတို့အနက် အမေရိကန်နိုင်ငံက COVID-19 ရောဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၁,၄၀၀,၅၀၀ ဦးနှင့် ၈၅,၀၆၆ ဦး အသီးသီးရှိခဲ့သည်။ သေဆုံးသူအရေအတွက် ၂၀,၀၀၀ ကျော်ရှိသည့်နိုင်ငံများမှာ ဗြိတိန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ် နိုင်ငံများ အပါအဝင် ဖြစ်သည်။ ရောဂါဖြစ်ပွားသူ အရေအတွက် ၂၀၀,၀၀၀ ကျော်ရှိသည့်နိုင်ငံများမှာ ရုရှား၊ ဗြိတိန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။  (Xinhua)