Connect with us

WORLD

အမေရိကန် နိုင်ငံ က ကပ်ရောဂါ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ အပေါ် ပြစ်တင်ဝေဖန် နေခြင်း က မည်သည့် အထောက်အထား မှ မရှိကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးပြောကြား

ရုရှား နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov(အလယ်) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၁၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အမေရိကန် နိုင်ငံ အနေဖြင့် ပြည်တွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု နှင့် ပတ်သက်၍ တရုတ် နိုင်ငံ အား ပြစ်တင်ဝေဖန်နေခြင်း သည် မည်သည့်သက်သေအထောက်အထား မှ မရှိကြောင်း မေလ ၁၄ ရက် ၌ ပြောကြား ခဲ့သည်။

Sergei Ryabkov က တရုတ် နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရာ တွင် အချိန်မီ လုပ်ဆောင်မှု မရှိခြင်း ၊ တာဝန်မကျေခြင်း နှင့် မှားယွင်းသည့် ဆောင်ရွက်မှု ပြုလုပ်ခြင်း စသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ရန် မည်သည့် သက်သေအထောက်အထား နှင့် အကြောင်းပြချက် မျှ မရှိကြောင်း ၊ အမေရိကန်နိုင်ငံရေးသမား နှင့် သံတမန် အရာရှိ တို့က နေ့စဉ် တရုတ် နိုင်ငံ အပေါ် မကျေနပ်မှု ကို ထုတ်ဖော်ပြောကြားနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှ  တရုတ် နိုင်ငံအား ဆန့်ကျင်ကြစေရန် ကြံစည် နေခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Sergei Ryabkov က ကပ်ရောဂါ အခြေအနေ အောက် တွင် အချို့ နိုင်ငံ အနေဖြင့် ဖြေရှင်းရန် နည်းလမ်း မရှာဖွေ ခဲ့ကြောင်း ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ COVID-19 ရောဂါ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများ ကို ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)