ကွာလာလမ်ပူ၊ မတ် ၁၄ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ တောင်ပိုင်း Johor ပြည်နယ် Pasir Gudangဒေသတွင် စွန့်ပစ်ဓါတုပစ္စည်းညစ်ညမ်းမှု အခြေအနေ ဆိုးဝါးလာရာ ၎င်းဒေသရှိ စာသင်ကျောင်း ၁၁၁ ကျောင်းကို အချိန်အကန့်အသတ်မဲ့ ရပ်နားလိုက်ပြီဖြစ်ကြောင်း မလေးရှား ပညာရေး ဝန်ကြီး Maszlee Malik က မတ်...
လာဂို့စ်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၏စီးပွားရေးအချက်အချာဖြစ်သော လာဂို့စ်မြို့၏ ဖါဂျီရပ်ကွက်တွင် မတ်လ ၁၃ ရက် နံနက်ပိုင်းက မူလတန်းကျောင်းတစ်ခု ဖွင့်လှစ်ထားရာ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာအနည်းဆုံးလူ ကိုးဦးသေဆုံးခဲ့ရပြီးကယ်ဆယ်ရေးသမားများစွာက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြကြောင်းသိရသည်။
ကုလသမဂ္ဂ၊ မတ် ၁၄ ရက် (ဆင်ဟွာ) အာဖရိကတိုက် တောင်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးရွာသွန်းမှုကြောင့် မော်လဝီနိုင်ငံ(Malawi)နှင့် မိုဇမ်ဘစ်နိုင်ငံများတွင် လူ ၆၀သေဆုံးပြီး လူပေါင်း ၈၄၃,၀၀၀ဦးနီးပါး ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၃ ရက်က ပြောကြားခဲ့သည်။
ကာရာကစ်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်း Anzoategul ပြည်နယ် ရှိ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA မှ ပိုင်ဆိုင်သော အဆောက်အအုံတစ်ခုတွင် မတ် ၁၃ရက်က တင်နာ (Thinner) ဓါတုအရည်များ သိုလှောင်ထားသော ကန်၂ကန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။