Connect with us

WORLD

တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ အယ်လ်ဂျီးရီးယား နိုင်ငံ သို့ ရောက်ရှိ

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများအား အယ်လ်ဂျီးရီးယား နိုင်ငံ သို့ လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

တူနီးရှား ၊ မေ ၁၅ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ ၏ ဖိတ်ကြားချက်အရ အယ်လ်ဂျီးရီးယား နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့ပေးမည့် တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ သည် မေလ ၁၄ ရက် ၌ အယ်လ်ဂျီးရီးယား နိုင်ငံ သို့ ရောက်ရှိခဲ့ပြီး ပညာရှင် အဖွဲ့ က ရှေ့ဆက် ၁၅ ရက် တာ ကာလအတွင်း အယ်လ်ဂျီးရီးယား နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကူညီထောက်ပံ့ပေး သွားမည် ဖြစ်သည်။

ယခုအကြိမ် အယ်လ်ဂျီးရီးယား နိုင်ငံ သို့ စေလွှတ် ခဲ့သည့် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က အဖွဲ့ဝင် ၂၀ ဦး ပါဝင် ပြီး ချုံချင်း နှင့် မကာအို တို့မှ ပညာရှင်များ ဖြစ်ကြကြောင်း ၊ ပညာရှင် အဖွဲ့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ၊ ပြင်းထန်ရောဂါဝေဒနာဆိုင်ရာ ၊ ကူးစက်ရောဂါဆိုင်ရာ ၊ တရုတ် တိုင်းရင်းဆေးပညာဆိုင်ရာ နှင့် ဓာတ်ခွဲခန်းဆိုင်ရာ ပညာရှင် တို့ပါဝင်ကြောင်း ၊ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ နှင့် အတူတကွ တရုတ် နိုင်ငံ မှ အယ်လ်ဂျီးရီးယား နိုင်ငံ အား ကူညီထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများ လည်း သယ်ဆောင်လာ ခဲ့ကြောင်း သိရှိရသည်။

အယ်လ်ဂျီးရီးယား နိုင်ငံ သို့ ရောက်ရှိခဲ့သည့် တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က အယ်လ်ဂျီးရီးယား နိုင်ငံ နှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်ချက်များ ၊ ရောဂါကုသမှု နည်းလမ်းများ နှင့် ရောဂါစစ်ဆေးမှု စသည့် ကဏ္ဍများတွင် ကျယ်ပြန့်စွာ ဖလှယ်မှု ဆောင်ရွက်သွားမည် ဖြစ်ပြီး အတွေ့အကြုံမျှဝေပေးကာ သတင်းအချက်အလက် များကို မျှဝေပေးသွားမည် ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင် တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ သင်တန်းပို့ချမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အယ်လ်ဂျီးရီးယား နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ နှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု နှင့် ပတ်သက်၍ ညွှန်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)