ပေကျင်း၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) အီရန်ထိပ်တန်း ဗိုလ်ချုပ်ကြီး တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ဇန်နဝါရီ ၄ ရက်က အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗတ် ဇာရစ်ဖ် နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-ယေ့စ်လီဒရိန်း (Jean-Yves Le Drian) နှင့် ဇန်နဝါရီ ၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) လက်ရှိ ပင်လယ်ကွေ့ဒေသ တင်းမာမှုများ အရှိန်အဟုန် မြင့်တက်နေခြင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်-ရုရှားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ရပ်တည်ချက်များနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ့်ရုဗ်တို့ ဇန်နဝါရီ ၄ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ကြိမ်မြောက် အစည်းအဝေး အား ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် မှ ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင်Khalifa...