ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ဟာဗားနား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပထမ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာတီတော့ဗ် (Vladimir Titov) သည် ကျူးဘားနိုင်ငံသို့ အလုပ်သဘောခရီးအဖြစ် ရောက်ရှိနေကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဖေဖော်ဝါရီ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ထုံးဘို တပ်မတော်အကြီးစားစက်ရုံမှ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ် အစီး ၁၀၀ ထိထုတ်လုပ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာတိုက်ခန်းများတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က...