Connect with us

MYANMAR

ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းတွင် နိုင်ငံတော် အနေဖြင့်  တတ်နိုင်ဆုံး ပြင်ဆင်ထားဟုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ယခုအပတ် နှင့် လာမည့်  အပတ်တွင်း တွင်  ရောဂါ ပျံ့နှံ့မှု နှုန်း များလာနိုင်မည်ဟုခန့်မှန်း ထားပြီးဖြစ်သည့် အတွက်ပြည်သူများ အား သတိပေးခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းတွင် နိုင်ငံတော် အနေဖြင့်  တတ်နိုင်ဆုံး ပြင်ဆင်ထားကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့တွင်  ပြည်သူများ အား ယနေ့တွင်၎င်း ၏ Facebook  မှ တစ်ဆင့် အသိပေးပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ရောဂါကူးစက်ထားသူ အရေအတွက် များလာတော့ စိုးရိမ်ကြောင့်ကြ မှုတွေလည်း များလာပါတယ်။ Quarantine နေရာ ကနေ ထွက်ပြေးဖို့ ကြိုးစား တာတောင် ရှိတယ်ဆိုတာ သိကြမှာပါ။ ရောဂါပိုး ဝင်နေပြီ ဆိုရင် ထွက်ပြေးလို့ မ လွတ်ပါဘူး။ စောစော သိပြီး စောစော ဆေးကုခံယူတာ အကောင်းဆုံး ပါ။ COVID-19ဟာ ကုလို့ရနိုင်တဲ့ ရောဂါပါ။ စော စောသိမှ စောစောကုသနိုင်ပြီး၊ ပျောက်နိုင်ခြေပိုများမှာပါ။ ဒါကြောင့် ရှောင်ပြေးခြင်းဟာကာယကံရှင် အတွက် အန္တ ရာယ် များပါတယ်၊ အခြားသူတွေအတွက်လည်း အန္တရာယ် များပါတယ်။’’ ဟု သူမ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ 

ပြည်သူများ အနေဖြင့် ဒေါသများအားဖျောက်ကြရန်၊ အားလုံး၏ ဘုံရန်သူ ဖြစ်သည့်  COVID-19 ကို အောင်နိုင်ဖို့ ကိုသာညီညီ ညွတ်ညွတ် နှင့် လုပ်ဆောင်ကြရန်၊ ယခုအချိန်တွင် အရေးကြီးဆုံး လိုအပ်ချက် သည် Quarantine ကိစ္စ အား ထိထိ ရောက်ရောက် ဆောင်ရွက်ရေးဖြစ်ကြောင်း၊ အစိုး ရဌာနများ၊ ဝန်ထမ်း များ  ချည်းလုပ်ဆောင်ရတာ မနိုင်မနင်းဖြစ်နေကြောင်း၊ မေတ္တာ၊ စေတနာ၊ သတ္တိ တို့နှင့်ဝိုင်းဝန်း ကူညီ ကြသော လူ ငယ် တွေရဲ့ လုပ်အားက ကြီးမားတဲ့ အထောက် အပံ့ ဖြစ်နိုင်ကြောင်း ၎င်း ၏ Facebook တွင် ရေးသားထားခဲ့သည်။  (Xinhua)