လန်ဒန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မော်တော်ကားထုတ်လုပ်သူ ဟွန်ဒါ (Honda) က ဗြိတိန်နိုင်ငံ တောင်ပိုင်း ဆွင်းဒန်မြို့ရှိ ကားစက်ရုံအား ၂၀၂၂ ခုနှစ်တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် ၃,၅၀၀ ဆုံးရှုံးမှုရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဒါကာ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေရှ့်နိုင်ငံ၌ နိုင်ငံအထက် တရားရုံးအမိန့်နှင့် မကြာမီက လောင်းကစားနှင့် ညစ်ညမ်း ဝက်စ်ဆိုက် ၂၀၀၀ နီးပါးအား ဘင်္ဂလားဒေရှ့်အစိုးရက ဖယ်ရှားလိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂယ်လူရူမြို့ရှိ လေတပ်အခြေစိုက်စခန်းတွင် “၂၀၁၉ ခုနှစ် အိန္ဒိယလေကြောင်းပြပွဲ” အတွက် အစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့ရာ “ဆာရာကီရန် လေယာဉ်အလှပျံသန်းခြင်းအဖွဲ့” ၏ လေယာဉ် နှစ်စင်း ဖေဖော်ဝါရီလ ၁၉ ရက်က ပျက်ကျခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။