Connect with us

WORLD

အီတလီနိုင်ငံတွင် ထပ်တိုးလူနာအရေအတွက် နှစ်ရက်ဆက်တိုက်လျော့နည်းလာ

အီတလီနိုင်ငံ ရောမမြို့ မြင်ကွင်းများအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ၌  ဧပြီ ၆ ရက် ဒေသစံတော်ချိန် ၁၈:၀၀နာရီအချိန်အထိ COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ၁၃၂,၅၄၇ ဦးရှိရာ ပြီးခဲ့သောရက်ကထက် ၃,၅၉၉ ဦး တိုးလာကြောင်း ၊ ၎င်းမှာ အသစ်ထပ်တိုး လူနာ အရေအတွက် နှစ်ရက်ဆက်တိုက် ကျဆင်းသွားခြင်းဖြစ်ကြောင်း အီတလီ မြို့ပြကာကွယ်ရေးဌာန၊ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အထူးအဖွဲ့ဝင် Angelo Borrelliက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 

သေဆုံးသူ ၁၆,၅၂၃ ဦး နှင့်  ရောဂါသက်သာပျောက်ကင်းသူ ၂၂,၈၃၇ ဦးရှိရာ ပြီးခဲ့သော ရက်ကထက် ၆၃၆ ဦးနှင့် ၁,၀၂၂ ဦး အသီးသီး တိုးလာခြင်းဖြစ်ကြောင်း၊ လက်ရှိ အတည်ပြုလူနာများအနက် အိမ်တွင် တစ်ကိုယ်ရေသီးခြား နေထိုင်သူ ၆၀,၃၁၃ ဦး၊ ဆေးရုံ၌ သာမန်ဆေးကုမှု ခံယူလျက်ရှိသူ ၂၈,၉၇၆ ဦး၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၃,၈၉၈ ဦးရှိကြောင်း ၊ ရောဂါပြင်းထန်သူ လူနာအရေအတွက်သည် ပြီးခဲ့သောရက်ထက် ၇၉ ဦး လျော့နည်းလာရာ ၎င်းမှာ သုံးရက်ဆက်တိုက် ကျဆင်းခြင်းဖြစ်ကြောင်း Angelo Borrelliက ဧပြီ ၆ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အီတလီနိုင်ငံ ရောမမြို့ မြင်ကွင်းများအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုကဲ့သို့ လျော့နည်းလာခြင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများသည် ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှုကို တားဆီးရာတွင် ထိရောက်သည့် အကျိုးသက်ရောက်မှုရှိသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း အီတလီ ကျန်းမာရေးဝန်ကြီးဌာန သိပံ္ပနှင့်နည်းပညာ ကော်မတီ  အဖွဲ့ဝင် ၊ ရောမမြို့ Policlinico Gemelli ဆေးရုံ အဆုတ်ရောဂါ ကုသရေးဆိုင်ရာဌာနအကြီးအကဲ Luca Richeldiက ဆိုသည်။

အီတလီနိုင်ငံ ရောမမြို့ မြင်ကွင်းများအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့ မြင်ကွင်းများအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့ မြင်ကွင်းများအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့ မြင်ကွင်းများအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါ ပျံ့နှံမှု ကို ထပ်ဆင့်တိုး ကာကွယ်ရန် အီတလီသည် မတ် ၁၀ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ မြို့များ ပိတ်ထားခဲ့ပြီး မတ် ၁၂ ရက်မှစ၍ တစ်နိုင်ငံလုံး စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်ဆိုင်ခန်းများကို ပိတ်ထားခဲ့ကြောင်းနှင့် မတ် ၂၁ ရက်မှစ၍ အများပြည်သူ အခြေခံစားဝတ်နေရေး ဝန်ဆောင်မှုများဖြစ်သည့် ဘတ်စ်ကား ၊ ကုန်စည်စီးဆင်းမှု၊ စာတိုက်၊ ဘဏ်နှင့် စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများကို ပုံမှန်လည်ပတ်သည်မှအပ ကျန်ဥယျာဉ်ပန်းခြံနှင့် အခြားအများသွားလာသည့်နေရာအားလုံးကို ပိတ်ထားခဲ့ကြောင်း သိရသည်။အီတလီ ဝန်ကြီးချုပ် Giuseppe Conte က ဧပြီ ၁ ရက်တွင် မြို့ပိတ်ဆို့မှုကာလကို ဧပြီ ၃ ရက်မှ ၁၃ ရက်အထိ တိုးမြင့်လိုက် ကြောင်း ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.