ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီတွင် ယနေ့ (ဧပြီလ ၇ ရက်) ပေကျင်းစံတော်ချိန် နေ့လယ် ၁း၄၈ နာရီက ပြင်းအား ၆.၃ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကာလအတွင်း ရထားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပုံမှန်ပြေးဆွဲလျက်ရှိသော ရထားတွဲဆိုင်း များအပြင် သြင်္ကန်အထူးရထားတွဲဆိုင်းများ အား ဧပြီ ၁ဝ ရက်မှ စတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတွင်း အများပြည်သူ အနားယူနိုင်စေရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ အင်းလျားကန်ပေါင်၌ ထီးအလက် ငါးရာတပ်ဆင်ထားကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့တွင် ဧပြီ ၆ ရက် က ပေါက်ကွဲမှု ၂ခု သီးခြားစီဖြစ်ပွားခဲ့ရာ စစ်သား ၂ဦးအပါအဝင် အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်တို့၏ နယ်စပ်ဒေသတွင် ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေးစစ်သားများအကြား တစ်ရက်ကြာ ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဧပြီ ၆ရက်တွင် ပါလက်စတိုင်း ၈ဦးသေဆုံးပြီး အခြားလူ ၁,၀၇၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးကုသရေးအဖွဲ့များက ပြောကြားခဲ့သည်။