ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို လက်ခံဆောင်ရွက်လျက် ရှိရာ လျှောက်ထားသူ ၅၈၂ ဦးရှိပြီး ၄၈၀ ကို ခွင့်ပြု ပေးခဲ့ကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အများပြည်သူအားလပ်ရက်ဖြစ်သည့် နှစ်သစ်ကူး နွေဦးကာလအားလပ်ရက်များအတွင်း ပြည်သူများကို အချိန်ပြည့်ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တရုတ် ကြည်းရေလေ တပ်မတော်သားများနှင့် ပြည်သူ့ဝန်ထမ်းများ၏ စစ်ရေးလေ့ကျင့်မှုများနှင့်တာဝန်ထမ်းဆောင်မှုမြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှရိုက်ကူးတင်ဆက်ပါသည်။ (Xinhua)
ဖူကျန့်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်တွင် နွေဦးရာသီ သဘာဝ ပန်းချီကားချပ်ကြီးတစ်ခုသဖွယ် လက်ဖက်စိုက်ခင်းများနှင့် ချယ်ရီပင်များ လှပစွာဖူးပွင့်စိမ်းစိုနေသည့် မြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
ရှီးကျားကျွမ်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲဘေးပြည်နယ်တွင် ရှေးဟောင်း တေ ာ်ဝင်နန်းတော်တစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ အစ္စတန်ဘူလ် ပြည်နယ် အုပ်ချုပ်ရေးမှူး က အစ္စတန်ဘူလ်မြို့ တွင် ဖြစ်ပွား ခဲ့သည့် လူနေ တိုက်ခန်း ပြိုကျမှုကြောင့် သေဆုံးသူပေါင်း ၁၀ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင်...