Connect with us

CHINA

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် COVID-19 ဆိုင်ရာ G20 အထူးအစည်းအဝေး တက်ရောက်ရန်ရှိ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မတ် ၂၆ ရက်တွင် ကျင်းပပြုလုပ်မည့် COVID-19 ကူးစက်ရောဂါတုံ့ပြန်မှုဆိုင်ရာ G20 ခေါင်းဆောင်များ၏ အထူးအစည်းအဝေး တစ်ခုကို ပေကျင်းမြို့မှနေ၍ ပါဝင် တက်ရောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ရင်က ယနေ့မတ် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အွန်လိုင်း ဗီဒီယို အထူးအစည်းအဝေးကို  ၂၀၂၀ ပြည့်နှစ်အတွက် G20 ဥက္ကဋ္ဌ တာဝန်ယူထားသော ဆော်ဒီအာရေးဗျနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ဟွာက ဆိုသည်။  (Xinhua)