Connect with us

Politics, Law & Military

ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအား မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ပြု

ဒုတိယဝန်ကြီးအား မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ပြုသော ထုတ်ပြန်ချက်အား တွေ့ရစဉ်( ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊မတ် ၂၅ ရက် (ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်အောင်သူကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်းယနေ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ ရက်၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း မူလစစ်ဘက်တာဝန်ဝတ္တရားများပြန်လည်ထမ်းဆောင်ခွင့်ပြုခဲ့သည်။

လက်ရှိပြည်ထဲရေးဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.