ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာ၌ ဂိတ်ရင်းထားပြီး YBS ကားများပြေးဆွဲပေးရန် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် ၊စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ သပိတ်ကျင်းမြို့အတွင်း၌ စက်တင်ဘာ ၂၄ ရက်က ကျပ် သိန်း ၃၀၀ခန့်ရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကင်ရှာဆာ ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း North Kivuပြည်နယ်တွင် ယခုတစ်ကြိမ်ဖြစ်ပွားသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူသည် လက်ရှိအချိန်ထိဆိုလျှင် ၁၀၀ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တောင်အာဖရိက သမ္မတဟောင်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ရုပ်တုအား ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာလ ၂၄ ရက်က ထုတ်ဖော်ပြသခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား ဂိုဒေါင်သဖွယ် အသုံးပြုနေခြင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။