Connect with us

Videos

နှာခေါင်းစည်း များကို အလိုအလျောက် ရောင်းချသည့် စက်များ

 

ထျန်းကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း မြို့ တွင် နှာခေါင်းစည်း များကို အလိုအလျောက် ရောင်းချသည့် စက်များကို တပ်ဆင်အသုံးပြုလျှက်ရှိကြောင်းသိရသည်။ နှာခေါင်းစည်းများကို ဖုန်းမှ တစ်ဆင့် QR code ကို scan ဖတ်ကာ ငွေပေးချေနိုင်ပြီး မိနစ်ပိုင်းအတွင်းလျှင်မြန်စွာဝယ်ယူနိုင်သည်။ စက်တစ်လုံးတွင် နှာခေါင်းစည်းပေါင်း ၁၂၈ ခု အထိ ထားရှိပြီးနှာခေါင်းစည်းတစ်ခုလျှင် ၁၃ယွမ် (အမေရိကန်ဒေါ်လာ ၂ ဒေါ်လာနီးပါး) ကျသင့်မည်ဖြစ်သည်။

ယခု သီတင်းပတ်အတွင်း ထျန်းကျင်း တစ်မြို့လုံးတွင် နှာခေါင်းစည်းအရောင်းစက်ပေါင်း ၁၀၀ ကို တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။COVID-19 ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်းများကို မဖြစ်မနေအသုံးပြုရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.