Connect with us

VIDEO

သမ္မတရှီ က ဥရောပသမဂ္ဂ၊ အီတလီ၊ အီရန်နှင့် တောင်ကိုရီးယားနိုင်ငံများထံသို့ COVID-19 တိုက်ဖျက်ရေး အကူအညီ များ ပံ့ပိုးသွားမည်ဖြစ်ကြောင်းဆို

 

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဥရောပသမဂ္ဂ၊ အီတလီ၊ အီရန်နှင့် တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်များထံသို့  တရုတ်နိုင်ငံ ၏ အကူအညီအလိုအပ်ဆုံးအချိန်တွင် ကူညီပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်ရှိ တွင် ၎င်းနိုင်ငံများ၌ ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အကူအညီပေးသွားမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်ခြင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် တကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူ ဖြတ်ကျော်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ 

အီတလီနိုင်ငံ ခေါင်းဆောင်သို့ ပြောကြားရာတွင် ယခုကဲ့သို့ ခက်ခဲသည့်အချိန်တွင် တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံနှင့်အတူ လက်တွဲပူးပေါင်းကာ အကူအညီအထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါကြီးကို အတူ တိုက်ဖျက်ရင်းတရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့၏ ကာလရှည်ကြာတည်တံ့ခဲ့သည့် ချစ်ကြည်ဆက်ဆံရေးကို ပိုမို အဓွန့်ရှည်စေမှာဖြစ်ကြောင်းဆိုသည်။ 

 အီရန်နိုင်ငံ ခေါင်းဆောင်သို့ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ COVID-19 တိုက်ခိုက်မှုကဏ္ဍတွင် အကူအညီအထောက်အပံ့များကို တတ်နိုင်သလောက် ဆက်လက်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ အီရန် နိုင်ငံအစိုးရနှင့် ပြည်သူများက တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှုတွင် ရိုးသားဖြူစင်စွာကူညီထောက်ပံ့ပေးခဲ့ကြပါကြောင်း၊ အီရန်နိုင်ငံအစိုးရနှင့် ပြည်သူများအားလုံး ယခု ဖြစ်ပွားနေသည့် ကပ်ရောဂါဆိုးကြီးကို သေချာပေါက် ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ 

သမ္မတရှီသည် တောင်ကိုရီးယားသမ္မတ အား ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ COVID-19 တိုက်ခိုက်မှုကဏ္ဍတွင် အကူအညီအထောက်အပံ့များကို တတ်နိုင်သလောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ စည်းလုံးခြင်းသည်အင်အားဖြစ်သည့်အားလျော်စွာတရုတ်နိုင်ငံအနေဖြင့် ဥရောပ သမဂ္ဂ နိုင်ငံများသို့လည်း COVID-19 ရောဂါ တိုက်ဖျက်ရေးအထောက်အကူများ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ 

ရောမ အတွေးအခေါ်ပညာရှင် ” Seneca” က “ကျွန်တော်တို့သည် ပင်လယ်တစ်ခုတည်းဆီက ဒီရေလှိုင်းတွေသာ ကျွန်တော်တို့သည် သစ်ပင်ကြီးတစ်ခုတည်းဆီက သစ်ရွက်လေးတွေသာ ကျွန်တော်တို့သည် ဥယျာဉ်ကြီးတစ်ခုတည်းဆီက ပန်းပွင့်လေးတွေသာ”  ဟု ဆိုသည်။တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက အကူအညီအထောက်အပံ့တွေ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။ ကပ်ရောဂါဟူသည် ကန့်သတ်ချက်မရှိပေ။ တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းသည် ကံကြမ္မာအကျိုးတူ လူ့အသိုက်အဝိုင်း၏ တစ်စိတ်တစ်ပိုင်းသည်သာဖြစ်ပေသည်။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.