ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် အတွင်း တရားမဝင် ကျွန်း/ပိတောက်သစ် တန် ၆၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေးကြေးရေး လုပ်ငန်း)မှ ချေးငွေထုတ်ချေး ရာတွင် ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် လာဟိုးမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုတွင် မတ်လ ၁၄ ရက်နေ့က အသေခံဗုံးဖေါက်ခွဲမှုတစ်ခုကြောင့် လုံခြုံရေးရဲဝန်ထမ်း ၅ ဦး အပါအဝင် လူ ၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး အယောက် ၂၀ ခန့် ရှိကြောင်း...
ဗီယင်ကျန်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ အလယ်ပိုင်း Khammuan ပြည်နယ် တွင် မတ် ၁၃ရက် ညနေပိုင်းက ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၅ဦးသေဆုံးပြီး ခရီးသည် ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းနေ့စဉ် သတင်းစာ Vientiane Times က မတ်...
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဂျာမနီ ဝန်ကြီးချုပ်အဖြစ် လေးကြိမ်မြောက် ပြန်လည် ရွေးကောက်ခံရသော အန်ဂျလာ မာကယ် ထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို မတ် ၁၄ ရက် ကပေးပို့ခဲ့ကြောင်း သိရသည်။