Connect with us

Social, Education & Health

ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စာသင်ကျောင်း တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ သက်မွေးမှုပညာရေးနှင့် လေ့ကျင့်ရေးစင်တာတွင် ပညာသင်ကြားနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချိ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကြောင့် ယခုနှစ်တွင် အခြေခံပညာ အထက်တန်းသင်ယူပြီးမြောက်ကြတော့မည့် ကျောင်းသားများအတွက် စာသင်နှစ်နှောင့်နှေးသွားခဲ့သော စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အထက်တန်းဝင်ခွင့်ဖြေမည့်ကျောင်းသားများ၊ တက္ကသိုလ်ဝင်ခွင့်ဖြေမည့်ကျောင်းသားများနှင့် သက်မွေးမှုသင်တန်းကျောင်းမှ ကျောင်းသားများသည် ကျောင်းပြန်တက်ရမည့် ပထမအသုတ်ကျောင်းသားများဖြစ်ကြောင်း ရှင်းကျန်းပြည်နယ် ပညာရေးဌာနမှ မတ် ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြော်ငြာစာအရ သိရသည်။အဆိုပါ ကျောင်းသားများကို စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၃၀ ဦးထက်မပိုသော စာသင်ခန်းငယ်များဖြင့် ခွဲခြားသင်ကြားစေမည်ဖြစ်ကြောင်း ကြော်ငြာစာ၌ ဖော်ပြထားသည်။ကျောင်းသားများအားလုံးအနေဖြင့် အစားအသောက်များ သီးခြားစားသောက်ရမည်ဖြစ်ပြီး လူစုဝေး၍ အားကစားပွဲများ၊ ယဉ်ကျေးမှုနှင့် အနုပညာလှုပ်ရှားမှုများ ပြုလုပ်ခြင်းများကို ရှောင်ရှားရမည်ဟု ကြော်ငြာစာအရ သိရသည်။

နယ်ပယ်မျိုးစုံရှိ ပညာရေးဌာနများအတွက် ကူးစက်ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများအတွက် ပြင်ဆင်ထောက်ပံ့သွားမည်ဖြစ်သည်။ရှင်းကျန်းဒေသရှိ COVID-19 ကူးစက်ခံရသော နောက်ဆုံးလူနာသည် မတ် ၈ ရက်က ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ရာ ၎င်းဒေသ၌ COVID-19 ဖြစ်ပွားသူလုံးဝမရှိတော့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117