ပေကျင်း ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာသူများအား သီးခြာနေထိုင်ရန်(quarantine ) ၊ ဆရာဝန်ပြန်ပြရန် ၊ ရောဂါရှိမရှိ ပြန်လည် စမ်းသပ်စစ်ဆေးမှု ခံယူရန် နှင့် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူရန် ဆိုင်ရာ လုပ်ငန်းအစီအစဉ် အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ...
ပေကျင်း ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အောက်ဖော်ပြပါ ကိန်းဂဏန်းအချက်အလက်များသည် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ ဧပြီ ၉ ရက် ဂရင်းနစ်စံတော်ချိန်(GMT) ၀၅၀၀ နာရီတွင် တစ်ကမ္ဘာလုံးမှ ကောက်ယူရရှိခဲ့သော ကိန်းဂဏန်းများဖြစ်သည်။နိုင်ငံအမည် အတည်ပြုလူနာတစ်ကမ္ဘာလုံး – ၁,၅၀၀,၈၃၀အမေရိကန် – ၄၃၂,၁၃၂စပိန် ...
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ကာလတိုအတွင်း ငွေလဲလှယ် နှုန်း အတက်/အကျ ကြီးမားမှု မရှိစေရန် Intervention Auction ပြုလုပ်ရာတွင် အရောင်းနှင့် အဝယ် (၂)မျိုးစလုံးအား ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စတုတ္ထတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ နိုင်ငံတကာမှ သံရုံးဝန်ထမ်းများ၊ ပြည်သူများ ၎င်းတို့၏နေရပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ နိုင်ရေးနှင့်နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ နှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
မနီလာ၊ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့သည် ဧပြီ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ အပူပိုင်းဒေသ ဆေးဘက်ဆိုင်ရာ သုတေသနဌာန(RITM)သို့ သွားရောက်၍ COVID-19ရောဂါ ကုသမှုဆိုင်ရာ နည်းပညာဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။