ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာ့ကမ်းရိုးတန်းအနီး တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘောတူညီမှုရရှိခဲ့ကြောင်း ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က ပြောကြားခဲ့သည်။(Xinhua)
ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ကရင် ပြည်နယ် ၊ ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများ အနက် အကျဉ်းသား/အချုပ်သား ၇ ဦးအား စက်တင်ဘာ ၁၇ ရက်တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ...
ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်းရှိ မြောက်ကာရိုလိုင်းနား နှင့်တောင်ကာရိုလိုင်းနား ပြည်နယ်များ တွင် Florence ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ Florence ဟာရီကိန်းသည် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန် အရှေ့ပင်လယ်ကမ်းခြေကို ရောက်ရှိ လာပြီး...
ပြုံယမ်း၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်း နှင့် ဇနီး သည် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပရန် စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ရောက်ရှိလာခဲ့ရာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်နှင့် ဇနီးတို့က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။...