Connect with us

Education & Health

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ 

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ယနေ့နံနက်မှ စတင်၍ ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနေကြပြီဖြစ်သည်။ 

မော်လမြိုင်တက္ကသိုလ် မှ စိတ်ပညာပါမောက္ခ ဒေါက်တာအောင်မြတ်ကျော်စိန်က စာမေးပွဲခန်းဝင်ကျောင်းသား၊ကျောင်းသူများအား စိတ်အေးအေးထားဖြေဆိုကြရန် နှင့် ၁၀ တန်းစာမေးပွဲသည် ဘဝကို ပြောင်းလဲစေမည့် တစ်ခုတည်းသော အဆုံးအဖြတ် မဟုတ်ကြောင်း အားပေးစကားဆိုခဲ့သည်။ ဒေါက်တာအောင်မြတ်ကျော်စိန်က “မြန်မာစာပြီးတော့ နောက်ထပ် တခြားဘာသာရပ်တွေ လာတော့မယ်။ ဂုဏ်ထူးမှန်းပြီး ဖြေပေမယ့် ရချင်မှ ရမယ်။ ဂုဏ်ထူးမမှန်းပေမယ့်လည်း ရချင်ရမယ်။ ကလေးတွေအားလုံး စိတ်အေးအေးထားပြီးဖြေဖို့ ပြောချင်တယ်။ ကိုယ်ဖြေတဲ့ ဘာသာအားမရရင်တောင် ၊ ကိုယ်ရတဲ့ အမှတ်၊ ကိုယ်ရတဲ့ မေဂျာကနေ ကိုယ့်ဘဝကို အထူးချွန်ဆုံးတည်ဆောက်လို့ ရတယ်’’ ဟုယနေ့ မတ် ၁၁ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာဘာသာရပ်၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာ ၊ မတ် ၁၃ ရက်တွင် သင်္ချာ၊ မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၇ ရက်တွင် ရူပဗေဒ၊ မတ် ၁၈ ရက်တွင် ဇီဝဗေဒ / ဘောဂ ဗေဒဘာသာရပ် ၊ မတ် ၁၉ ရက်တွင် ပထဝီဝင်ဘာသာရပ်၊ မတ် ၂၀ ရက်တွင် သမိုင်းဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။အထက (၄) အလုံကျောင်း ၏ လူရည်ချွန်တစ်ဦးဖြစ်သူ မဇင်ဝေဝေထက် က “ဂုဏ်ထူး ၆ ဘာသာ မှန်းထားတယ်။ ဆရာဝန်လုပ်မယ် လို့ ရည်မှန်းထားပါတယ်။ ၁၀ တန်း အတွက်  ၉ တန်းပြီး ၃ ရက် ကတည်းက ပြင်ဆင်ထားခဲ့တာပါ’’ ဟုဆင်ဟွာ ကိုပြောသည်။

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

ယနေ့သည် မြန်မာစာဖြေဆိုရသည့် နေ့ဖြစ်ပြီး ကျောင်းသား အများစုသည် ဖြေဆိုနိုင်ကြကြောင်း၊ ကျက်မှတ်ထားသည်များ နှင့် တိုးခဲ့ကြောင်း စာမေးပွဲခန်းမှ ထွက်လာသည့် ကျောင်းသား/ကျောင်းသူတစ်ချို့အားမေးမြန်းချက်အရ သိရသည်။အ.ထ.က(၄) အလုံးကျောင်းတွင်စာမေးပွဲဖြေဆိုပြီးထွက်လာသည့် မခိုင်ဆွေမင်းမင်းက “ဒီနေ့ မေးခွန်းကလွယ်ပါတယ်။ ဂုဏ်ထူး ၆ဘာသာ မှန်းထားပါတယ်။ ၁၀ တန်းပြီးရင် ဆရာဝန်လုပ်မယ်လို့ ရည်မှန်းထားပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကျောင်းသား/ကျောင်းသူ အများစု သည် နဝမတန်း စာမေးပွဲ ဖြေဆိုပြီးချိန်မှ စ၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ သီတင်းကျွတ်ကာလ မှစ၍ ပြန်လှန်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း၊ ဘာသာစုံဂုဏ်ထူးမှန်းသူများ အနေဖြင့် အနည်းဆုံး ၃ ခေါက် ပြန်လှန်လေ့ကျင့်ခန်းများ လုပ်ခဲ့ကြောင်း သိရသည်။

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

အ.ထ.က(၄) အလုံးကျောင်းတွင်စာမေးပွဲဖြေဆိုပြီးထွက်လာသည့် မောင်ကောင်းရဲဝင်းက “ဒီနေ့ ဖြေနိုင်ပါတယ်။ ဂုဏ်ထူးတော့မမှန်းပါဘူး။ ကျွန်တော်  ၁၀ တန်းအောင်ပြီးရင် အလုပ်လုပ်မှာပါ’’ ဟုဆင်ဟွာကိုပြောသည်။၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပရာ မြန်မာတစ်နိုင်ငံလုံးမှ အခြေခံကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများ ၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြ မည့် အပြင်ဖြေကျောင်းသားကျောင်းသူများအပါအဝင်စာရင်းသွင်းသူစုစုပေါင်း ၉၇၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ 

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွ)

ဘာသာတွဲ(၈) မျိုးဖြင့် စာမေးပွဲကိုကျင်းပရာ ဘာသာရပ်အလိုက်ဖြေဆိုကြမည့် စာရင်းသွင်းကျောင်းသား ကျောင်းသူဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာတွဲတွင် ၅၈၂,၁၄၉ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဗေဒဘာသာတွဲတွင် ၁၇၃,၂၀၅ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲတွင် ၁၀ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲတွင် တစ်ဦး။မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း ဘာသာတွဲတွင် ၅၄၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာ တွဲတွင် ၂၁၁,၁၂၄ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်ဘာသာတွဲတွင် ၃,၁၈၅ ဦး စုစုပေါင်း ၉၇၀,၂၁၅ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်တွင်စာစစ်ဌာနများကိုတိုးချဲ့ဖွင့်လှစ်ထားပြီး စာစစ်ဌာန ၁,၉၉၉ ခုရှိကြောင်း ယမန်နှစ် က ၁,၈၈၆ ခုရှိရာမှ ယခုနှစ်တွင်စာစစ်ဌာန ၁၀၀ ကျော် တိုးလာကြောင်းသိရှိရသည်။ အကျဉ်းဦးစီး စာဖြေဌာနအနေဖြင့် ၁၀ ခုရှိကြောင်း သိရှိရသည်။အလုံမြို့နယ်၊ အ.ထ.က (၄)ကျောင်းရှေ့တွင် နေမကောင်းသူများ ကျန်းမာရေးဆရာမထံ အဖျားတိုင်းပြီးမှ ဝင်ရန် ဟူသည့် သတိပေးချက်အားကပ်ထားသည်ကို တွေ့မြင်ရသည်။ပညာရေးဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးသတိပေးချက်များကိုလည်း ဝန်ကြီးဌာန၏ ဝက်ဆိုက်တွင်တရားဝင်ထုတ်ပြန်ထားခြင်းဖြင့် ကျောင်းသူကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန် စီမံဆောင်ရွက်ထားသည်။ (Xinhua)