အီဂျစ်၊စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Nada Attia ဆိုသည့် အီဂျစ်နိုင်ငံသူတစ်ဦးမှာ မြေပြင်မှ အမြင့်ပေ ၁ဝဝဝဝ တွင် ဘဲလေးအက ကို ကပြခဲ့သူဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သည့် နာဒါမှာ ဘဲလေးအက ကို ရူးသွပ်လွန်းသူတစ်ယောက်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအစဉ်အလာများကြောင့် သူမသည် မြေပြင်တွင် ဘဲလေးအက ကို...
ဟေပေ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာတံတိုင်းကြီး၏ နေထွက်ချိန်အလှကို ဓါတ်ပုံဆရာတစ်ဦးက ဟေပေပြည်နယ် တွင် အမိအရ မှတ်တမ်းတင်နိုင်ခဲ့သည်။ တိမ်စိုင်တိမ်တိုက်များ အကြားတွင် မဟာတံတိုင်းကြီး၏ ရှုမျှော်ခင်းမှာ လွမ်းမောဖွယ် ကောင်းလှသည်။ မင် မင်းဆက်ကတည်းက တည်ဆောက်ခဲ့သည့် မဟာတံတိုင်းကြီးမှာ ယနေ့ထက်တိုင် ပြည်တွင်းပြည်ပဧည့်သည်တော်များကို ဆွဲဆောင်ထားနိုင်လျက်ရှိသည်။...
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၁၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သောသတင်းအရ သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ တွင် စက်တင်ဘာ ၁၆ ရက်ည က ပြုလုပ်သော ဂီတဖျော်ဖြေပွဲတစ်ခု ၌ မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် လူ ၇ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လူတန်မြို့ ရှိ လမ်းမတစ်ခု တွင် ရန်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် ဓားဒဏ်ရာများရရှိခဲ့သည့် လူအများအပြားအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။