Connect with us

Politics, Law & Military

(၁၈)ကြိမ်မြောက် UPDJC အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်

(၂၅)ကြိမ်မြောက် UPDJC အတွင်းရေးမှူးများ အစည်းအဝေး ကျင်းပနေစဉ် ( ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၀ ရက်(ဆင်ဟွာ) 

နေပြည်တော်၊ NRPC ၌ မတ်လ ၁၂ ရက်တွင် ပြုလုပ်မည့် (၁၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC:- Union Peace Dialogue Joint Committee) အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟို (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက အတည်ပြု ပြောကြားခဲ့သည်။  

“ဒီနေ့အစည်းအဝေးကတော့ သန်ဘက်ခါလုပ်မယ့် UPDJC ကို ဘာတွေ တင်ပြမလဲ၊ အထူးသဖြင့် တော့ ကျွန်တော်တို့ ဒီ (၈)ကြိမ်မြောက် JICM က ဇန်နဝါရီ ၈ ရက်နေ့က လုပ်ခဲ့တာ။ အမြင့်ဆုံး အစည်းအဝေးပဲ။ အဲဒီမှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်ခဲ့တယ်။

အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ နှစ်လအတွင်းမှာ UPDJC လုပ်မယ်၊ လေးလအတွင်းမှာ ပင်လုံညီလာခံ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီဆုံးဖြတ်ခ ျက်တွေက ကျွန်တော် တို့ရဲ့ အမြင့်ဆုံး အစည်းအဝေး JICM က ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ကျွန်တော်တို့ သွားပါမယ်။ ဒါကြောင့်မို့လို့ (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်တဲ့အနေနဲ့ သန်ဘက်ခါမှာ (၁၈)ကြိမ်မြောက် UPDJC အစည်းအဝေးကို လုပ်မှာ ဖြစ်တယ်” ဟု အဆိုပါ အစည်းအဝေးတွင် တင်ပြမည့် အချက်များအတွက် ကြိုတင် ပြုလုပ်သည့် (၂၅) ကြိမ်မြောက် UPDJC အတွင်းရေးမှူးများ အစည်းအဝေး မစတင်မီ ၎င်းက မီဒီယာသို့ ပြောခဲ့သည်။

နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးှနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) တွင် ယနေ့ပြုလုပ် သည့် (၂၅) ကြိမ်မြောက် UPDJC အတွင်းရေးမှူးများ အစည်းအဝေးသို့ အစိုးရနှင့် တပ်မတော် အဖွဲ့အစည်းမှ ကိုယ်စားလှယ် ငါးဦး၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့မှ ငါးဦး၊ တိုင်းရင်းသား လက်နက် ကိုင် အစုအဖွဲ့မှ ငါးဦး – စုစုပေါင်း UPDJC အတွင်းရေးမှူး ၁၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စ၊ UPDJC လုပ်ငန်းလမ်းညွှန်၊ UPDJC အတွင်းရေးမှူးများ လုပ်ငန်း လမ်းညွှန်၊ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီများ လုပ်ငန်း လမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော် ကောင်စီနယ်မြေ) လုပ်ငန်း လမ်းညွှန်၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်း လမ်းညွှန်နှင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.