ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်သည့် ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်းသည် ဗဟိုဘဏ်မှ မူလသတ်မှတ်ထားသည့် ဘောင်အတွင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်က ဆင်ဟွာ ကိုပြောသည်။
အာဖဂန်နစ္စတန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ၌ ဧပြီ ၂၈ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အရပ်သား ၄ဦး အပါအဝင် အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အရပ်သား ၇ဦး အပါအဝင် အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလ တို့တွင်ဖြစ်နိုင်ခြေရှိသည့် မြစ်ရေခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။