Connect with us

Culture & Entertainment

“ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်” အမည်ဖြင့် ရန်ကုန်မြို့ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရန်ကုန်မြို့ Chatrium ဟိုတယ် ရှေ့၌ ခရစ္စမတ်ပွဲတော်အတွက် ရောင်စုံမီးအလှဆင်ထားမူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဒီဇင်ဘာ၁၇ရက် (ဆင်ဟွာ)

“ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်”ကို ရန်ကုန်မြို့၌ ဒီဇင်ဘာ၂၃ရက် မှ ၂၅ရက်ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားဖြစ်ကြောင်းသိရသည်။ 

အဆိုပါ “ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်” ကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်တွင်လည်းကောင်း၊ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ centralဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင်လည်းကောင်း၊ ဆာကူရာတာဝါနှင့် ဝဇီရာရုပ်ရှင်ရုံရှေ့တွင်လည်းကောင်း ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Ruby Mart supermarketအရှေ့တွင်လည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ စိန့်မေရီကာသီဒြယ်ဘုရားရှိခိုးကျောင်းရှေ့တွင်လည်းကောင်း၊ ဆူးလေဘုရားလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဧမာနွေလဘုရားကျောင်းရှေ့တွင်လည်းကောင်း ၊သခင်မြပန်းခြံနှင့် အင်းစိန်စော်ဘွားကြီးကုန်းပန်းခြံ တို့တွင်အသီးသီးကျင်းပမည်ဖြစ်ကြောင်း ယနေ့ထုတ်ကြေးမုံသတင်းစာအရသိရသည်။

၎င်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် ညနေ၆နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထာင့်ရှိ သန့်ရှင်းသော တြိနတိဘုရားကျောင်း၌ ကျင်းပမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ၂၅ရက် ညပိုင်းတွင်ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းထောင့်ရှိ စိန့်မေရီကာသီဒြယ်ဘုရားကျောင်း၌ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)