ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့အတွင်း တရားမဝင်သစ်တန်ပေါင်း ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ တောင်ဘက်စွန်းတွင် ရှိသော ဟမ်ဘန်တိုတာ(Hambantota)ဆိပ်ကမ်းသည် နိုင်ငံတကာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး အဓိကလမ်းကြောင်းနှင့် ပင်လယ်ရေမိုင် ၁၀ မိုင်ကွာဝေးရာ အာရှ၊ ဥရောပ၊ အာဖရိကရှိ ကုန်တင်သင်္ဘော အမြောက်အမြားက ထိုဆိပ်ကမ်းကို ဖြတ်သန်း သွားလာလေ့ရှိသည်။
ကျီလင်၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျီလင်ပြည်နယ် လုံချွန်းကျေးရွာလေးသည် ဝေးလံခေါင်ဖျားသည့် ချန်ပိုင်ဆန်းတောင်ခြေတွင် တည်ရှိရာ ယခုနှစ်ပိုင်းများတွင် ကျေးရွာရှိလူငယ်လူရွယ်များ တစ်ရပ်ခြားသို့သွား၍ အလုပ်လုပ်ကိုင်ရာ ကျေးရွာအမြဲတမ်းနေလူဦးရေတွင် သက်ကြီးပိုင်းများသောကြောင့် ကျေးရွာတွင် နွမ်းပါးသည့်မိသားစုများ ရှိကြကြောင်း သိရသည်။