ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) လပွတ္တာမြို့၌ မြန်မာ့ရိုးရာသြင်္ကန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လပွတ္တာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တောင်ပိုင်းတွင် ၁၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲအား ဧပြီလ ၁၅ ရက်တွင် ဖွင့်လှစ်လိုက်ပြီး ကုမ္ပဏီပေါင်း ၂၅,၀၀၀ ကျော်က ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။
လီမာ ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရက ဆီးရီးယားကို နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများပြုလုပ်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဆီးရီးယားနှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ လက်တုံ့ပြန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence)က ပီရူးနိုင်ငံ မြို့တော်လီမာတွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ် အနောက်ဘက် ၁၀ ကီလိုမီတာအကွာရှိ ရပ်ကွက်တစ်ခုအတွင်းက Studio City တွင် ဧပြီလ ၁၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဆေးရုံတင်လိုက်ရကြောင်း သိရသည်။