Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ ဖိုးတန်ဖိုးရှိသည့်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

နေပြည်တော်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၀၀၀ တန်ဖိုးရှိသည့်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCDAC) မှ ဇန်နဝါရီ ၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက် ၁ရး၄၅ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်ညိုးကျေးရွာ အဝင်၊ မောက်မယ်-ဆိုက်ခေါင်သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မောက်မယ် ဘက်မှ ဆိုက်ခေါင်ဘက်သို့ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းရပ်ကွက်(၄)နေ ဦး— ၃၇ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသောကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း)နှင့် Ice အလေးချိန် ၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အလားတူ ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတွင်ရှိနေစဉ် ၁ရး၅၀ နာရီတွင် မောက်မယ်ဘက်မှ ဆိုက်ခေါင်ဘက်သို့ မိုးနဲမြို့နယ်၊ နောင်တောင်းကျေးရွာနေ ဦး— ၃၈ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့် ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ဘန်းယဉ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.