Connect with us

Politics, Law & Military

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ အောင်နိုင်ရေးအားထုတ်ကြိုးပမ်းမှုများလုပ်ဆောင်ရန် အဆင့်မြင့်အရာရှိ တိုက်တွန်း

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဟူချွမ်းဟွာက ဦးဆောင်အဖွဲ့ရုံးသို့ သွားရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဟူချွမ်းဟွာက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ အောင်နိုင်ရေးအတွက် အားလုံး ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးမှုလျော့ကျရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်ကောင်စီ ဦးဆောင်အဖွဲ့ အကြီးအကဲလည်း ဖြစ်သူ ဟူ သည် ဇန်နဝါရီ ၂ ရက်က ဦးဆောင်အဖွဲ့ရုံးသို့ သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောခဲ့ခြင်း ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အရေးပါသောတိုက်ပွဲ အောင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပန်းတိုင်များကို ရည်မှန်းထားသည့်အချိန်အတိုင်း ရောက်ရှိရန် စည်းလုံးညီညွတ်မှုရှိသော ကြိုးပမ်းအားထုတ်မှုများအတွက် ဟူက ပြောခဲ့သည်။

ဆင်းရဲနွမ်းပါးမှုအခြေအနေတွင် ဆက်လက်ရှိနေဆဲ နယ်မြေများနှင့် အထူးသဖြင့် နိုင်ငံအနောက်ပိုင်း ပြည်နယ် ၁၂ ခုတွင် ဆင်းရဲနွမ်းပါးမှုလျော့ပါရေးလုပ်ငန်းအတွင်း ကြီးကြပ်မှုနှင့် လမ်းညွှန်မှု ခိုင်မာရန် တာဝန်ရှိသူများကို ဟူက တိုက်တွန်းခဲ့သည်။ဦးဆောင်အဖွဲ့ရုံးအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းတွင် ရှေ့ဆောင်သူအဖြစ် ဆောင်ရွက်ရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော်မှု သေချာစွာ လုပ်ဆောင်ရန် ဟူက အလေးထားပြောခဲ့သည်။ (Xinhua)