ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မ ဟာဗျူဟာ(မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉)ကို ဇန်နဝါရီ ၂၃ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကာရာကပ်စ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နှင့် သံတမန်ဆက်ဆံရေး တရားဝင်ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ဇန်နဝါရီ ၂၃ ရက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သံသယ ရှိသူကို ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ – ၂၀၁၄ (Association Registering Law – 2014) အား အကျိုးထိရောက်စွာ အကောင်အထည် ဖော်နိုင်၊ အသုံးပြုနိုင်ရေးအတွက် အဆိုပါ ဥပဒေဆိုင်ရာ လမ်းညွှန် စာအုပ် (Guide book) ထုတ်ဝေရန်...
ခါတုမ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြို့တော် Khartoumမြို့ တောင်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၂ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ရက် ကပြောကြားခဲ့သည်။