ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှု ၂၂၅မှုဖြစ်ပွားပြီး တရားခံ ၆၄၈ဦး ဖမ်းဆီးအရေး ယူနိုင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီလ ၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Attock ခရိုင်ရှိ ဆေးရုံတစ်ရုံတွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့ ဇန်နဝါရီ ၂ ရက်၌ ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်၌ ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၅၅၅ ကြိမ် ဖြစ်ပွား ခဲ့၍ ၁၁၆ ဦးသေဆုံးပြီး ၈၆၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အကြမ်းဖက်ဝါဒတိုက်ဖျက်မှုတွင် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ သံသယရှိသည်ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်အပေါ် ပါကစ္စတန်နိုင်ငံက ဆန့်ကျင်ကြောင်း စာတစ်စောင်ကို အမေရိကန်သံအမတ်ထံ ဇန်နဝါရီလ ညနေပိုင်းက ပေးပို့ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။