Connect with us

Asia

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) အာဆီယံ-အိန္ဒိယ အရှေ့အာရှ နှင့် RCEP ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

 

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) သည် ၁၆ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး နှင့် ၃ ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးမဟာမိတ် (RCEP) ထိပ်သီးအစည်းအဝေးများ နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။ 

မိုဒီသည် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ရှိနေစဉ်ကာလအတွင်း RCEP နှင့်ပတ်သက်သည့်ပြသနာများအား အဖြေရှာရန် ဆွေး‌နွေးညှိနှိုင်းခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့အားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊။ 

   

ထိုအစည်းအဝေးများသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒ ၏ အဓိကအစိတ်အပိုင်းများဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ရုံးမှ တွစ်တာတွင် ဖော်ပြခဲ့သည်။ 

 

ထို RCEP အုပ်စုတွင် အာဆီယံ ၁၀နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို ၊ ဗီယက်နမ်နိုင်ငံ တို့ နှင့် ၎င်းတို့ ၏ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ယူထား သည့် ၆ နိုင်ငံ ဖြစ်သောတရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ နှင့် နယူးဇီလန် နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.