ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲအား ယနေ့နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် စတင် ကျင်းပလျက် ရှိကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တရားဝင်တားမြစ်လိုက်သည့် ဥပဒေထုတ်ပြန်ခြင်းအား ကြိုဆိုသည့် အနေဖြင့် ယနေ့ညနေ ၄ နာရီမှ ည ၁၀နာရီအထိ တောကောင်လေးတို့၏ရင်တွင်းစကားသံပွဲတော်အား မဟာဗန္ဓုလပန်းခြံတွင် ဝင်ကြေးအခမဲ့ ဂီတဖျော်ဖြေပွဲတစ်ခု အဖြစ်ကျင်းပပြုလုပ်လျက်ရှိသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စိတ်ကြွဆေးပြားတစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၁,၉၅၀,၀၀၀,၀၀၀ ကျပ်)စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဟိုပုန်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၏ ဦးစီးဆောင်ရွက်မှု ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အား နည်းပညာ ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်သော “အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက...