ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာ့ နိုင်ငံခြားရေး မူဝါဒ၏ အရေးကြီးသည့် မှတ်ကျောက် များထဲ မှ တစ်ခု ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၇၃)ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဟူစတန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အလယ်အမေရိကားမှ ရွှေ့ပြောင်းဝင်ရောက်လာသူများကို တားဆီးရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် နယ်စပ်ခြံစည်းရိုးတံတိုင်းကို အလျင်အမြန်တည်ဆောက်ရန် လိုအပ်ကြောင်း အောက်တိုဘာ ၂၂ ရက် နှောင်းပိုင်းက ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့ ရှိ Santragachi ရထားဘူတာရုံတွင် အောက်တိုဘာ ၂၃ရက် ညနေပိုင်းက လူအုပ်ပိမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး လူ ၁၄ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) ဟောင်ကောင်မှ ပထမဦးဆုံးအသုတ်မော်တော်ယာဉ်များသည် ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားပေါ်တွင် ယနေ့အောက်တိုဘာ ၂၄ ရက်၌ စတင်ဖြတ်သန်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကျူးဟိုင်၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီးဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်- မကာအိုတံတားကို အောက်တိုဘာလ ၂၄ ရက်နေ့တွင်ပြည်သူအများသွားလာနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ၎င်းတံတားကြီး မှာ အရှည်အားဖြင့် ၅၅ ကီလိုမီတာရှိပြီး အရှည်၂၂.၉ ကီလိုမီတာရှိသည့် ပင်မတံတားကြီးတစ်စင်းနှင့် ၆.၇ ကီလိုမီတာ အရှည်ရှိ ရေအောက်ဥမင်အဝေးပြေးလိုဏ်ခေါင်းလည်း ပါဝင်သည်။ တံတားကို ဖြတ်သန်းသွားလာရန်...