တိဘက်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Yumbu Lakhang ရှေးဟောင်း နန်းတော်အား ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။ထိုအဆောက်အအုံမှာ ခရစ်တော်မပေါ်ထွန်းမီ ၂ ရာစုခန့်က တည်ဆောက်ထားခဲ့ပြီး တိဘက်တွင်ရှေးအကျဆုံး အဆောက်အအုံတစ်ခုလည်းဖြစ်သည်။ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁.၅ မီလီယံ သုံးစွဲရန်ခွင့်ပြုထားခြင်းဖြစ်သည်။ အဆိုပါ...
ကိုင်ရို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၅ ရက်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။ဗလီအား စစ်သွေးကြွများက တိုက်ခိုက်မှုတွင် အနည်းဆုံး ဒဏ်ရာရသူ ၁ဝ၉ ဦး...
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး အခြားသူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇင်ဘာဘွေနိုင်ငံ သမ္မတသစ် Emmerson Mnanganwa ထံသို့ နိုဝင်ဘာလ ၂၄ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။