နယူးဒေလီ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ခရီးသည်တင် ရထား ပြေးလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး အခြားသူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) မြဝတီမြို့နှင့် ကော့သောင်းမြို့ တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၆၈)ဦး ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) နိုင်ငံအတွင်း နေထိုင်သူများ အကြား ကွဲပြား ခြားနားသည့် အခြေအနေများကို ဖော်ပြထားသည့် မြန်မာနိုင်ငံအတွက် ပထမဆုံး သန်းခေါင်စာရင်း အခြေပြ မြေပုံစာအုပ် (Census Atlas) ထုတ်ဝေသည့် အခမ်းအနားကို နေပြည်တော် ဟိုတယ် မက်စ်၌ နိုဝင်ဘာ ၂၃...
ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဟူသည့် ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်း၊ ၎င်းဌာနများအတွက် ပြည်ထောင်စု ဝန်ကြီး နှစ်ပါး ခန့်အပ်ခြင်း နှင့် အဂတိ တိုက်ဖျက်ရေး ကော်မရှင် အသစ်...