Connect with us

Politics, Law & Military

၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်

စက်တင်ဘာလအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်လူကုန်ကူးမှုစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

လူကုန်ကူးသည့်အမှုပေါင်း ၁၅မှုတွင် ရှမ်းပြည်နယ်တွင် ၄မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ မှု၊ ကချင်ပြည်နယ်တွင် ၂ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုပေါင်း ၁၅ မှုတွင် တရားခံပေါင်း ၅၄ ဦး (ကျား ၂၁ဦး နှင့် မ ၃၃ ဦး) အားဖမ်းဆီးနိုင်ခဲ့ကာ လူကုန်ကူးခံရသူပေါင်း ၂၅ ဦးရှိကြောင်း သိရသည်။ လူကုန်ကူးခံရသူများတွင် အရွယ်ရောက်ပြီး အမျိုးသား တစ်ဦး ၊အရွယ်ရောက်ပြီး အမျိုးသမီး ၁၇ ဦး၊ ကလေး ၇ ဦး (ကျား-၁၊ မ-၆ဦး) ပါဝင်ကြောင်း သိရသည်။

လူကုန်ကူးခံရမှု ရာခိုင်နှုန်းအလိုက်ကြည့်ပါက ရှမ်းပြည်နယ်က ၂၇ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီး က ၂၀ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးက ၂၀ ရာခိုင်နှှုန်း၊ မန္တလေးတိုင်းဒေသကြီး က ၂၀ ရာခိုင်နှုန်း နှင့်  ကချင်ပြည်နယ်က ၁၃ ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.